iPhone 9 ရဲ့ Hands-on Video ထွက်ပေါ်လာ

Home Button ပါတဲ့ iPhone 9 / iPhone SE 2 ရဲ့ Hands-on Video ၁ ခု ထွက်ပေါ်လာပါတယ်။ အဲဒီ တန်ဖိုးနည်း iPhone ရဲ့ သတင်းတွေ မကြာခဏပေါက်ကြားထွက်ပေါ်နေပါတယ်။ အခု Video က iPhone 9 မှာ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်က ဘောင်တွေဟာ ထူနေတာက ခေတ်ပေါ် ဖုန်း ဒီဇိုင်းတွေနဲ့ ယှဉ်လိုက်ရင် သိပ်မမိုက်ပါဘူး။ အနောက်ဘက်မှာ ကင်မရာ ၁ လုံးပဲ ပါလာတာကလည်း ခုပေါ်နေတဲ့ ဖုန်းတွေနဲ့ ယှဉ်ရင် အားနည်းနေပါတယ်။

Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က သူ့ကို ၃၉၉ ဒေါ်လာလောက်နဲ့ ရောင်းနိုင်တယ်လို့ ပြောထားပါတယ်။ တန်ဖိုးချိုတဲ့ iPhone ဖြစ်ပြီး မြန်မာငွေ ၆ သိန်းလောက်ပဲရှိပါတယ်။ သူ့မှာ A13 Chipset , 3GB RAM တွေ ထည့်သွင်းထားနိုင်ပြီး 64GB/128GB Storage တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ iPhone 8 ကို အခြေခံ တည်ဆောက်ထားမှာ ဖြစ်ပြီး မူလ iPhone SE ထက် ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ်လာမှာပါ။ Kuo က Sliver, Red နဲ့ Space Gray အရောင်တွေ ထုတ်ထားမယ်လို့ ပြောထားပါတယ်။

တန်ဖိုးနည်း iPhone 9 မှာ ၄.၇ လက်မ မျက်နှာပြင် ပါလာမယ်လို့ သတင်းထွက်နေသလို တခြား သတင်းတွေကလည်း ၅.၄ လက်မ မျက်နှာပြင် ထည့်သွင်းထားမယ်လို့ ပြောနေကြပါတယ်။ Apple ဟာ iPhone 9 မှာ Samsung အစား LG ရဲ့ LCD Screen ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ သူ့ကို မတ်လလယ်မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ iPhone 9 လို့ နာမည်ပေးထားမလား ၊ iPhone SE 2 နာမည်နဲ့ ပွဲထွက်လာမလား ဆိုတာ မသိရသေးပါဘူး။

Comments